Tuesday 4 June 2013

ဟောင်းဒယူဒူး မသီတာ ကိုယ် စာရေးလိုက်တယ်(မောင်မြတ်သူ)



  • ဟောင်းဒယူဒူး မသီတာ ကိုယ် စာရေးလိုက်တယ်

အခြေအနေ ဘယ်လို ရှိသလဲ မသီတာ
အနောက်တောင်ထောင့် အရပ်မှာလည်း
အရင်(း) အတိုင်းပဲလား
ကိုယ့်ဘက်မှာတော့ connection ကျကျ
ဖုန်း ဘီ(လ်) လည်း ကျ ကျ
လူဟာလည်း ကျကျ
ဘာ ကျသလည်း မမေးနဲ့
အကုန်လုံး အကုန် အကျ များတယ်
ရာသီဥတုက အားကစား သမားတွေ အကြိုက်တဲ့
အားမှ ကစား ဖြစ်တော့ အားကစားသမား ဘ၀ကို လွမ်းမိ
ကိုယ့်မှာတော့ ဆိုမာလီဖြစ်လိုက် ရိုဟင်ဂျာဖြစ်လိုက်
အမေရိကန် ဖြစ်လိုက် ရုရှားဖြစ်လိုက်
မြန်မာဖြစ်လိုက် ဗမာ ဖြစ်လိုက်
ရှုပ်ရှုပ် ကို ရှက် နေတာပါပဲ။
ဓါတ်လိုက်ခံချင်နေတဲ့ကောင်
ဓါတ်လိုက်တော့ မခံရဘူးဖြစ်နေတယ်
အဖေလည်း ပြန်မလာသေး
အမေလည်း ငုတ်တုတ်ပဲထိုင်နေတယ်
ဘာဆိုဘာမှလည်း မပြော
ကိုယ့်အတွက်တော့ အချိန်ဆိုတာ ဆေးခါးကြီးပေါ့
မြေနီကုန်းမှာ ကားမှတ်တိုင်ရွှေ့သွားပြီ
ပုသိမ်-မြောင်းမြလမ်းလည်း ပြန်ဖေါက်နေပြီ
အဲဒီတော့ သွားရေးလာရေးက ပိုပိုခက်ခဲသွား
ဟိုဟာကျ ဒီဟာကျ ပိုပို ခက်ခဲသွား
အိုလံပစ်ပွဲနဲ့ ရပ်ကွက်ပွဲနဲ့ မာတာနဲ့ မသီတာနဲ့
လှလှကြီးနဲ့ ကီလီမန်ဂျာရိုးနဲ့
ရွာရိုး
ကိုးပေါက်ပဲ
သူက ဘာကိုယ်စားပြုတယ်
ကိုယ်က ဘာကိုယ်စားပြုတယ်နဲ့
ကိုယ်တို့တတွေ ကိုယ်စားပြုလိုက်
ကိုး စားပြုလိုက် ကိုယ့် စာပြုလိုက်နဲ့
ရှုပ်ရှုပ် ကို ရှက် နေတာပါပဲ။
တွေးတာ နဲ့ တောတာ ကို ကိုယ်စဉ်းစားနေတာ ရှိတယ်
တွေးသလား တောသလား
တိုင်သလား တောသလား
တော အဓိပ္ပါယ်ကလည်း စားတယ် မသီတာ စားတယ်
နာကျင်တာတွေ အံသြတာတွေ
ပြတ်လပ်တာတွေ
မတ်တတ်သာသေလိုက်ချင်တယ် မသီတာ
မင်းလည်း
တိုင်းထားတဲ့
တပါးမှာ
အလကား မနေနဲ့ ရသလောက်သာ ခြစ်ကုတ်
ပြောတာကလွယ်တယ်လုပ်တာကခက်တယ်ဆိုတာ
တို့ဆီမှာပဲလေ
မပြောတတ်ရင် ဆဲသလိုဖြစ်လို့
ကိုယ်ဆဲပဲ ဆဲတော့တယ်
ဘာပဲ ခံရ ခံရ ပြောမှ မပြောတတ်တာ
တော်လေပြီ။

  • မောင်မြတ်သူ

Monday 31 December 2012

"ထို့ ကြောင့် သူပြောတဲ့စကားကို ယုံထားတယ်"

ထို့ ကြောင့် သူပြောတဲ့စကားကို ယုံထားတယ်
Loading ….. ♥*´`*•.¸♥...♥……….♥*´`*•.¸♥...♥
ဒီတစ်ဆင့်ကနေ နောက်တစ်ဆင့်ကိုရောက်ဖို့ 
ဒီတစ်ထစ်ပြီးရင် နောက်တစ်ထစ် ... ...
တစ်ဒေါက်ဒေါက် နဲ့  သွားလာလိုက်တာ တောက်လျှောက် ... ...
တစ်ချက် တစ်ချက် လက်ထဲက လက်ကလေးကို ထုတ်ထုတ်ကြည့်ရင်း
နေထွက်ပြီး နေ၀င်ချိန်တိုင်း အနောက်ကအရိပ်ကလေး ရှိပါ့မလားလို့  လှည့်ကြည့်ရင်း
မသေချာမှုတွေ ကြားထဲမှာ သေချာတာလေးတွေကို ဖမ်းဆုပ်ထားရင်း
တို့ ...... ငါတို့ (မင်းနဲ့ ငါ) ........ စောင့် ....... ရ ...... ဦး .......မယ် ........။
Loading ……♥*´`*•.¸♥...♥……….♥*´`*•.¸♥...♥
နွေအပြာလေးတွေ ပြန်ကွေ့ လာချိန်ရောက်ပြီ
ငါစောင့်တယ် .........
Loading ……♥*´`*•.¸♥...♥……….♥*´`*•.¸♥...♥
ငါစောင့်နေတယ် .........
Loading ……♥*´`*•.¸♥...♥……….♥*´`*•.¸♥...♥
ငါရပ်စောင့်နေတယ် ......... ။
Loading ……♥*´`*•.¸♥...♥……….♥*´`*•.¸♥...♥
ငြိမ်သက်စွာ သစ်ပင်အိုအောက်မှာ ညတိုင်း
ဖယောင်းတိုင် ညှိရင်း ငါအလင်းခိုရင်း
ကိုယ့်ဖိနပ်လေး ကိုယ်စီးရင်းးးးးးးး
စိတ်ထဲမှာ စာမေးပွဲကျတယ် .......။
အိမ်ပြန်ချိန်ရောက်ပြီ ... ... ညတဖြည်းဖြည်းနက်လာပြီ
နေကောင်းအောင်နေနော် ... ကျန်းမာရေးဂရုစိုက်နော် ...
အရမ်းလဲချစ်တယ် ... တာ့တာ ...
SINGOUT ……♥*´`*•.¸♥...♥……….♥*´`*•.¸♥...♥ …….. ။
 
 
                       သွန်းထက်စံ (27.12.2012)5:00 PM
 

Monday 3 September 2012

"မင်းတစ်ယောက်တည်း မဟုတ်ဘူး"(ကြည်မောင်သန်း)

လောက ထောင့်ကျဉ်းထဲမှာ
ခံတွင်းပျက်နေပြီလား
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
လက်တင်အမေရိက ကခြေသည်မတစ်ယောက်က ပြောတယ်။

တစ်ဘ၀တည်းမှာပဲ
နှစ်ဘ၀စာလောက် ဒုက္ခခံခဲ့ရသမို့
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့တောင်အာရှက တရားမ၀င်အလုပ်သမားတစ်ယောက်ကပြောတယ်။

နာကျည်းခံပြင်းမှုတွေကို
အတိအလင်းဖော်ပြရရင်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့ဥရောပက ကဗျာဆရာတစ်ယောက်က ပြောတယ်။

လူလိုမနေရတာ ကြာတော့
လူစိတ်ကလဲ ပျောက်လုလု
- မင်းတစ်ယောက်တည်းမဟုတ်ဘူး
အာဖရိကက စားစရာမရှိတဲ့ လူစ်ယောက်ကပြောတယ်။

ကောင်းပြီ၊ ဘယ်သူတွေ ပါသေးသလဲ
ခေတ်ကြီး တစ်ခုလုံးပါတယ်
ခေတ်ကြီး တစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့
နည်းနည်း စိတ်ညစ်စရာ ကောင်းမှာပေါ့
ကဲ.. ကဖေးတခုခုမှာ ချိန်းတွေ့ရအောာင်

ဂျာကာတာက ဖင်ရှင် ကဖေးမှာလား
ဟိုချီမင်း စီတီးက ကွန်ဒွန်ကဖေးမှာလား
တိုကျိုက ဆိုင်ဘာကဖေးမှာလား
ကွာလာလမ်ပူက ဟာ့ဒ်ရော့ခ် ကဖေးမှာလား

ရေငုပ်သင်္ဘောလို နေလို့မဖြစ်တော့ဘူး… တဲ့
အာကာသယာဉ်လို နေမှဖြစ်တော့မယ်… တဲ့

ယဇ်ပလ္လင်ပေါ်ကို
ခေါင်းထိုးတင်လိုက်တဲ့ သိုးတစ်ကောင်က ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး

နေ့စဉ်နဲ့အမျှ
ကားကြိတ်ခံနေရတဲ့ လမ်းမ က ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး

သွေးစသွေးနနဲ့တူတဲ့
စိန်ပန်းပွင့်တွေက ထ အော်တယ်
- မင်းတစ်ယောက်တည်း မဟုတ်ဘူး

မဝေးတော့တဲ့ နွေဦးအတွက်
စုဘူးကို ဖောက်လိုက်ပါတော့
မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ။

လှသန်း

(ကြည်မောင်သန်း အမည်ဖြင့် ရနံ့သစ် မေ ၁၉၉၇)

"JUNOESQUE လိုနတ်သမီး"


သူမဘ၀ထဲကို

ကျွန်တော် တိုးဝင်ကြည့်တော့

သူမက သံစဉ်မဲ့ ကဗျာတွေကို ရွတ်ဆိုနေတယ်~~~။

သူမအနား ကျွန်တော် ထိုင်ကြည့်တော့

သွေးအေးအေး မျက်လုံးတွေနဲ့ 

မျက်တောင်မခတ် စိုက်ကြည့်တယ်~~~။

တစ်ခါ တစ်ခါ သူမက

ငိုပြလိုက် မဲ့ပြလိုက် ပြုံးပြလိုက် ရယ်ပြလိုက်

နားမလည်နိုင်တဲ့ စကားတွေ ပြောရင်း

အတွေးတွေကို လုယူသွားလိုက်~~~~

သူမဟာ လမင်းတစ်စင်း

သူမဟာ နံနက်ခင်းရဲ့ အလင်း

သူမဟာ ညတစ်ခုရဲ့ အေးမြခြင်း

သူမဟာ~~~~~~~~

~~~~~~~~~~~~

~~~~~~~~~~~~

ကျွန်တော် နားမလည်တဲ့ သူမဟာ

ကျွန်တော့်ကို နားလည်စာနာပေးတယ်

ကျွန်တော် မသိတဲ့ သူမက

ကျွန်တော့်ကို ဖေးမ ကူညီတယ်

နားမလည်နိုင်တဲ့ စကားတွေပြောရင်း

အတွေးနက်နက်တွေ ခေါင်းထဲထည့်ပေးတယ်

သူမရဲ့ ကောင်းကင်အောက်မှာ

လမ်းပျောက်နေရင်တောင်

လမ်းပြခေါ်ဆောင်ပေးတယ်~~

တကယ်က သူမဟာ ကျွန်တော့ဘ၀ရဲ့

နတ်သမီးလေး~~"JUNOESQUE"


                                      သွန်းထက်စံ

"မင်းခိုင်မြဲ သို့...."


အလင်းဖျော့ကြိုးတစ်ချောင်းနဲ့ 

ဆက်သွယ်ထားတဲ့~~

သံယောဇဉ်ရဲ့နောက်ကွယ်

နားလည်ခြင်း သမုဒ္ဒယတွေ

ပျော်ပါးမြူးတူးနေလေရဲ့~~

ချစ်ရတဲ့သူရယ်~~~~။

                                               သွန်းထက်စံ

Tuesday 10 July 2012

"တကယ်တော့..."

- ဒီဇင်ဘာရဲ့  ပြင်းထန်လှတဲ့

  နှင်းစက်တွေကြားမှာ

  မှိုင်တွေငေးရင်း

ေ၀၀ါးနေတဲ့ မျက်ဝန်းတစ်စုံနဲ့ 

  သူ့ ကိုတွေ့ ရှိခဲ့ရတယ်.......။

- မျက်လုံးချင်းဆုံခိုက်

  အတွေ့ အကြုံမရှိတဲ့ နှလုံးသားတစ်စုံ

  စည်းချက်မဲ့စွာ ထခုန်တယ်

  ဒါဟာ....ရင်ခုန်ခြင်းတဲ့လား.......။

- ဖြူစင်တဲ့ မျက်ဝန်းတစ်စုံရဲ့

  အကြည့်ချိုချိုအောက်

 အရည်ပျော်ခဲ့မိတယ်........။

- မတွေ့ ရတဲ့ နေ့ တွေဆိုလည်း

  သတိရခြင်းနဲ့  တမ်းတခြင်းကို

  အဖော်ပြုရင်းလဲ ဖြတ်သန်းခဲ့ဖူးတယ်.......။

- ချစ်သူ......

  တကယ်တော့ နင်ဟာ

  ငါ့ရဲ့ရှင်သန်မှု ဘ၀တစ်ခုနဲ့ 

  နှလုံးသားတစ်စုံကို

  မထင်မှတ်ပဲ သိမ်းပိုက်နိုင်ခဲ့တယ်.........။

                                                              သွန်းထက်စံ

Monday 9 July 2012

"နောက်ဆုံးလမ်းခွဲ"

ငါမသိတဲ့ ၀န်းကျင်ကနေ

ပြေးထွက်လာခဲ့တယ်

ထိန့် လန့် မှု.....အားငယ်မှုတွေ

မဖိတ်ခေါ်ပဲ...အလည်လာကြတယ်.......။

အိမ်ပြန်လမ်းက ပျောက်နေသလို

ငါ့ကိုယ်ငါလဲေ၀၀ါးလို့ 

ပေါ့ပါးလွန်းတဲ့ ခန္ဓာက

နေရာတိုင်းကို ရောက်ရောက်နေတယ်...........။

ညဥ့်ငှက်တစ်ကောင်ရဲ့ စူးရှအော်သံကြား

ငိုကြွေးခြင်းတွေ ပဲ့တင်ထပ်နေတယ်

ညတစ်ညရဲ့အိမ်လေးထဲ လဲလှောင်းနေတာ

ငါမဟုတ်တဲ့ ငါဖြစ်နေတယ်.........။

အသိတစ်ခု ခေါင်းထဲတိုးဝင်တိုင်း

ကမ္ဘာကြီး ချာချာလည်သွားတယ်

ချောက်ချားစွာ လှည့်ထွက်ခဲ့လိုက်တော့

အဆုံးအစ မရှိတဲ့ လမ်းမကဆီးကြိုလို့ ........။

ငါတစ်ယောက်ထဲ လှမ်းလျှောက်ခဲ့တယ်

ညကောင်းကင်ရဲ့  တိမ်လွှာကြားဆီကို

ဆောင်းတစ်ညရဲ့ လေပြေကတောင်

ရင်ကိုအေးအောင် မစွမ်းနိုင်တော့ဘူး.......။

နောက်ဆုံးနှုတ်ဆက်ချိန်တောင်

ရောက်လာခဲ့ပေါ့ ကောင်းကင်ရယ်

မခွဲချင်လဲ ခွဲရတော့မယ်

မပြန်ချင်လဲ သွားရတော့မယ်

နှုတ်ဆက်ခဲ့ပါတယ် ရော်ရွက်ဝါရယ်......။              ။





                                                                                           သွန်းထက်စံ(မှော်ဘီ)