Monday 3 September 2012

"JUNOESQUE လိုနတ်သမီး"


သူမဘ၀ထဲကို

ကျွန်တော် တိုးဝင်ကြည့်တော့

သူမက သံစဉ်မဲ့ ကဗျာတွေကို ရွတ်ဆိုနေတယ်~~~။

သူမအနား ကျွန်တော် ထိုင်ကြည့်တော့

သွေးအေးအေး မျက်လုံးတွေနဲ့ 

မျက်တောင်မခတ် စိုက်ကြည့်တယ်~~~။

တစ်ခါ တစ်ခါ သူမက

ငိုပြလိုက် မဲ့ပြလိုက် ပြုံးပြလိုက် ရယ်ပြလိုက်

နားမလည်နိုင်တဲ့ စကားတွေ ပြောရင်း

အတွေးတွေကို လုယူသွားလိုက်~~~~

သူမဟာ လမင်းတစ်စင်း

သူမဟာ နံနက်ခင်းရဲ့ အလင်း

သူမဟာ ညတစ်ခုရဲ့ အေးမြခြင်း

သူမဟာ~~~~~~~~

~~~~~~~~~~~~

~~~~~~~~~~~~

ကျွန်တော် နားမလည်တဲ့ သူမဟာ

ကျွန်တော့်ကို နားလည်စာနာပေးတယ်

ကျွန်တော် မသိတဲ့ သူမက

ကျွန်တော့်ကို ဖေးမ ကူညီတယ်

နားမလည်နိုင်တဲ့ စကားတွေပြောရင်း

အတွေးနက်နက်တွေ ခေါင်းထဲထည့်ပေးတယ်

သူမရဲ့ ကောင်းကင်အောက်မှာ

လမ်းပျောက်နေရင်တောင်

လမ်းပြခေါ်ဆောင်ပေးတယ်~~

တကယ်က သူမဟာ ကျွန်တော့ဘ၀ရဲ့

နတ်သမီးလေး~~"JUNOESQUE"


                                      သွန်းထက်စံ

No comments:

Post a Comment