Tuesday 10 July 2012

"တကယ်တော့..."

- ဒီဇင်ဘာရဲ့  ပြင်းထန်လှတဲ့

  နှင်းစက်တွေကြားမှာ

  မှိုင်တွေငေးရင်း

ေ၀၀ါးနေတဲ့ မျက်ဝန်းတစ်စုံနဲ့ 

  သူ့ ကိုတွေ့ ရှိခဲ့ရတယ်.......။

- မျက်လုံးချင်းဆုံခိုက်

  အတွေ့ အကြုံမရှိတဲ့ နှလုံးသားတစ်စုံ

  စည်းချက်မဲ့စွာ ထခုန်တယ်

  ဒါဟာ....ရင်ခုန်ခြင်းတဲ့လား.......။

- ဖြူစင်တဲ့ မျက်ဝန်းတစ်စုံရဲ့

  အကြည့်ချိုချိုအောက်

 အရည်ပျော်ခဲ့မိတယ်........။

- မတွေ့ ရတဲ့ နေ့ တွေဆိုလည်း

  သတိရခြင်းနဲ့  တမ်းတခြင်းကို

  အဖော်ပြုရင်းလဲ ဖြတ်သန်းခဲ့ဖူးတယ်.......။

- ချစ်သူ......

  တကယ်တော့ နင်ဟာ

  ငါ့ရဲ့ရှင်သန်မှု ဘ၀တစ်ခုနဲ့ 

  နှလုံးသားတစ်စုံကို

  မထင်မှတ်ပဲ သိမ်းပိုက်နိုင်ခဲ့တယ်.........။

                                                              သွန်းထက်စံ

Monday 9 July 2012

"နောက်ဆုံးလမ်းခွဲ"

ငါမသိတဲ့ ၀န်းကျင်ကနေ

ပြေးထွက်လာခဲ့တယ်

ထိန့် လန့် မှု.....အားငယ်မှုတွေ

မဖိတ်ခေါ်ပဲ...အလည်လာကြတယ်.......။

အိမ်ပြန်လမ်းက ပျောက်နေသလို

ငါ့ကိုယ်ငါလဲေ၀၀ါးလို့ 

ပေါ့ပါးလွန်းတဲ့ ခန္ဓာက

နေရာတိုင်းကို ရောက်ရောက်နေတယ်...........။

ညဥ့်ငှက်တစ်ကောင်ရဲ့ စူးရှအော်သံကြား

ငိုကြွေးခြင်းတွေ ပဲ့တင်ထပ်နေတယ်

ညတစ်ညရဲ့အိမ်လေးထဲ လဲလှောင်းနေတာ

ငါမဟုတ်တဲ့ ငါဖြစ်နေတယ်.........။

အသိတစ်ခု ခေါင်းထဲတိုးဝင်တိုင်း

ကမ္ဘာကြီး ချာချာလည်သွားတယ်

ချောက်ချားစွာ လှည့်ထွက်ခဲ့လိုက်တော့

အဆုံးအစ မရှိတဲ့ လမ်းမကဆီးကြိုလို့ ........။

ငါတစ်ယောက်ထဲ လှမ်းလျှောက်ခဲ့တယ်

ညကောင်းကင်ရဲ့  တိမ်လွှာကြားဆီကို

ဆောင်းတစ်ညရဲ့ လေပြေကတောင်

ရင်ကိုအေးအောင် မစွမ်းနိုင်တော့ဘူး.......။

နောက်ဆုံးနှုတ်ဆက်ချိန်တောင်

ရောက်လာခဲ့ပေါ့ ကောင်းကင်ရယ်

မခွဲချင်လဲ ခွဲရတော့မယ်

မပြန်ချင်လဲ သွားရတော့မယ်

နှုတ်ဆက်ခဲ့ပါတယ် ရော်ရွက်ဝါရယ်......။              ။





                                                                                           သွန်းထက်စံ(မှော်ဘီ)